ဂျပန်စာ Speaking ကိုဘယ်လိုတိုးတက်အောင်လုပ်မလဲ

ဂျပန်စာ Speaking ကိုဘယ်လိုတိုးတက်အောင်လုပ်မလဲ

ဂျပန်စာလေ့လာနေသူတိုင်းကြုံတွေ့နေရတဲ့အခက်အခဲကတော့ ဂျပန်စကားကို ပါးစပ်ကနေပြောထွက်ဖို့ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ဂျပန်စကားပြော တိုးတက်ဖို့အခက်အခဲရှိသူတွေအတွက် အောက်ပါငါးချက်ကို လိုက်လုပ်ကြည့်ပါ။ သင့်ဂျပန်စကားပြော skill တိုးတက်လာပါလိမ့်မည်။

ပုံတစ်ပုံချင်းထောက်ပြီးကြည့်ပါ။ 
သင့်အတွက်အကျိုးပြုမယ်ဆိုရင် like and share လေးလုပ်ပေးသွားဖို့မမေ့နဲ့နော်

(1) အသံကျယ်ကျယ်ဖြင့်ဖတ်ပါ

အသံကျယ်ကျယ်ဖြင့်ဖတ်ခြင်းဖြင့်သင်ဖတ်လိုက်တဲ့စာကိုသင်ပြန်ကြားရပြီးတော့ ဂျပန်စကားကိုနားရည်ဝလာပါလိမ့်မည်။ နားရည်ဝလာတဲ့နောက်မှာ သင်ကိုယ်တိုင်လည်း စကားပြောတဲ့အခါ ပြေပြစ်ဆီလျော်အောင်ပြောနိုင်လာမှာပါ။

(2) စကားပြောလေ့ကျင့်ဖို့အတွက်ပြင်ဆင်ပါ

မိမိ တစ်ယောက်တည်းဖြစ်စေ၊ သူငယ်ချင်း အတန်းဖော်နဲ့ဖြစ်စေ စကားပြောလေ့ကျင့်ပါ။ လေ့ကျင်ဖို့အတွက် ကိုယ်အသုံးပြုမယ့် စကားလုံးတွေကို သေချာပြင်ဆင်ထားပါ။

(3) Shadowing လုပ်ပါ


ဂျပန်ဇာတ်ကားတွေပဲကြည့်ကြည့်၊ listening တွေပဲနားထောင်နားထောင် အနောက်ကနေလိုက်ဆိုကြည့်ပါ။ ဇာတ်လမ်းထဲက ပြောတဲ့အတိုင်းလိုက်ပြောကြည့်ပါ။ shadowing ဆိုတဲ့ CD ပါတဲ့ စာအုပ်လဲရှိပါတယ်။ အဲ့စာအုပ်နဲ့ CD ကိုနားထောင်ပြီး shadowingလုပ်ကြည့်ပါ။

(4) ကိုယ်ပြောတဲ့စကားတွေကိုပြန်လည်ဆန်းစစ်ပါ

စကားပြောတဲ့အခါပဲဖြစ်ဖြစ် ကိုယ်ပြောခဲ့တဲစကားတွေကိုပြန်ဆန်းစစ်ပါ။ ကိုသုံးလိုက်တဲ့ vocab မှန်လား၊ grammar မှန်လား လေယူလေသိမ်းစတာတွေကိုပြန်လည်ဆန်းစစ်ပါ။

(5) မှားမှာကိုမကြောက်ပါနဲ့

လူတော်များများကမှားမှာကိုကြောက်ကြပါတယ်။ မှားတာဟာသဘာဝပါပဲ။ တခါမှားပြီးရင်လည်း အမှန်ကိုသိတဲ့သူကပြင်ပေးပါလိမ့်မယ် ။ မှားပစေ ပြောထွက်အောင်ပြောပါ။ 

Akamonkai Japanese Language School Yangon
ဖုန်း-09786433450/09786433451/09454011819
တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
No.44,Pyay Road,Dagon Township,Yangon Myanmar(ပြည်လမ်းစိန်ဂေဟာ အနောက် ခရစ်ယန်အသင်းအဆောက်အဦးမှာပါခင်ဗျာ)

Leave a Reply