ဂျပန်နိုင်ငံရှိသတင်းစာတိုက်ကြီးမှပညာသင်စရိတ်ထောက်ပံ့ပေးမည့်စကော်လားရှစ်

Scholarship အကြောင်း

ဂျပန်နိုင်ငံရှိအကြီးဆုံးသတင်းစာတိုက်ကြီးမှScholarshipအနေနှင့် (၂)နှစ်တာကျောင်းလခနှင့် အဆောင်လခထောက်ပံ့ပေးမည့်အစီအစဉ်။ ထို့အပြင် အချိန်ပိုင်းအလုပ် အနေနှင့် သတင်းစာပို့သောအလုပ်ကိုလုပ်ကိုင်ရမည်ဖြစ်ပြီး လစာလည်းရပါဦးမည်ဖြစ်ပါသည်။ (၂)နှစ်တာကျောင်းတက်ပြီးပါကလည်းမိမိ နှစ်သက်ရာ တက္ကသိုလ်၊ ကောလိပ်ဆက်တက်လို၍ဖြစ်စေ အလုပ်ဆက်လုပ်လို၍ဖြစ်စေမိမိအနာဂါတ်အတွက်ရွေးချယ်စရာများအခွင့်အရေးများကိုလည်းပေးထားပါသည်။

ပညာသင်ဆု၏အဓိကအားသာချက်မှာ ဗီဇာရရှိမှုနှုန်းမြင့်မားခြင်းပင်ဖြစ်ပါသည်။ ဒီပညာသင်ဆုဖြင့်ဗီဇာလျောက်ထားသူများအနက်မှ ၉၉.၉ရာခိုင်နှုန်းသောကျောင်းသားများသည် ဗီဇာရကြပါသည်။ ဂျပန်သို့ကျောင်းသားဗီဇာခက်ခဲနေချိန်မှာ ယခုScholarshipဖြင့်ကျောင်းသွားတက်ခြင်းမှာ အကောင်းဆုံးအခွင့်အရေးဖြစ်ပါသည်။

ခေါ်ယူမည့်ကျောင်းသား (Requirement) (2020 April Intake)

၁။ ၂ဝ၂ဝခုနှစ်၊ ဧပြီလမှ ၂ဝ၂၂ခုနှစ်၊ မတ်လအထိ၂နှစ်ကြာ၊ဂျပန်စာသင်ကျောင်းတွင်ပညာသင်ယူ နိုင်မည့်သူ။

၂။ တက္ကသိုလ်ဘွဲ့ရရှိပြီးသူ အသက် ၁၈~၃၀ကြား ဖြစ်ရပါမည်။ (ကျန်းမာရေးကောင်းသူ)

၃။ ဆိုင်ကယ်လိုင်စင်ရှိသူ (သို့)ကားလိုင်စင်ရှိသူ(သို့) ၂ဝ၁၉ခုနှစ် ၁ဝလပိုင်းအတွင်းလိုင်စင်ရမည့်သူ။

၎။ ဂျပန်ဘာသာအခြေခံလေ့လာပြီးသောသူ(လေ့လာနေသောသူများလည်းတက်ရောက်နိုင်ပါသည်)။ ဂျပန်စာသင်ယူရန် စိတ်ဝင်စားသူ ဖြစ်ရပါမည်။

၅။ ဂျပန်နိုင်ငံ၏ စည်းကမ်း၊ကျောင်းစည်းကမ်းတို့ကို လိုက်နာမည့်သူ။

၆။ နောင်တစ်ချိန်တွင် မိမိကိုယ်ကိုနှင့် မိမိနိုင်ငံအတွက် အကျိုးပြုသူတစ်ယောက်ဖြစ်ရမည်ဟုယုံကြည်ထားသူ။

လျှောက်လွှာတင်ရမည့်ပုံစံ

၁။ ကျား/မ မရွေး ကိုယ်ရေးရာဇဝင် (အင်္ဂလိပ်လို)ကိုအီးမေးလ်ဖြင့် ပို့ပေးရန်။

၂။ (28.9.2019) နံနက်၁၀နာရီမှမွန်းလွဲ၁နာရီအထိ Akamonkai Japanese Language School တွင်ရှင်းလင်းပွဲနှင့်အင်တာဗျူးတစ်ခါတည်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အသေးစိတ်ပြင်ဆင်ထားရမည့်အရာများကိုအီးမေးလ်ဖြင့်အကြောင်းကြားပေးမည် ဖြစ်ပါသောကြောင့်CV formပေးပို့ထားနိုင်ပါသည်။

၃။ E-mail – mainichi.student2016@gmail.com ကို CV ပို့ပေးပါ။